International News

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် တောင်ပိုင်းဩစတြေးလျ ဝိုင်လုပ်ငန်းကဏ္ဍအပေါ် သက်ရောက်မှုများဖြစ်ပေါ်လျက်ရှိခြင်း

Last Updated:

ဩစတြေးလျတောင်ပိုင်းရှိ ဝိုင်လုပ်ငန်းကဏ္ဍသည် အထွက်နှုန်းနည်းပြီး ဈေးနှုန်းနိမ့်ကျလျက်ရှိသော်လည်း ပြင်းထန်မှုမရှိသည့် နွေရာသီကြောင့် ယခုနှစ် စပျစ်သီးအရည်အသွေးမှာ အလွန်ကောင်းမွန်ကြောင်း စိုက်ပျိုးသူများက ပြောကြားခဲ့သည်။

Riverland သည် တစ်နိုင်ငံလုံးထုတ်လုပ်မှု၏ ၄၀% ခန့်ရှိပြီး၊ စိုက်ပျိုးသူ ၉,၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။ သိုလှောင်မှုပြတ်လပ် ခြင်းနှင့် ကုန်စည်ပို့ဆောင်မှုပြဿနာများကို ယခုရာသီတွင်လည်း ဆက်လက်ကြုံတွေ့ခဲ့ရပြီး၊ စိုက်ပျိုးသူများသည် အလွန်နိမ့်ကျ သောစျေးနှုန်းဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။ ပုံမှန်အားဖြင့် ပြုပြင်ထုတ်လုပ်ရန် အဆင်သင့်ဖြစ်သော စပျစ်သီးများကို လက်ဝယ် သိုလှောင်ထားပြီး ထောက်ပံ့ရေးကွင်းဆက်တွင် နေရာရရှိသည်အထိ စောင့်ဆိုင်းရမည်ဖြစ်ပါသည်။ စပျစ်အနီရောင်မျိုးစိတ်များတွင် ဈေးနှုန်းသိသာစွာကျဆင်းသွားပြီး၊ အဖြူရောင်မျိုးစိတ်များတွင် အနည်းငယ်သာကျဆင်းခဲ့သည်။

ဩစတြေးလျဝိုင် ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတစ်ခုလုံးသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးအငြင်းပွားမှု၏ နောက်ဆက်တွဲပြဿနာ များကို ဆက်လက်ကိုင်တွယ် ဖြေရှင်းလျက်ရှိသည်။ ယခင်က နိုင်ငံတွင်းထုတ်လုပ်မှု၏ ၁၀% ကို တရုတ်နိုင်ငံအတွက် လျာထားခဲ့ သည်။ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးပိတ်ပင်မှုအကျိုးဆက်မှာ ဆက်လက်ကျယ်ပြန့်လျက်ရှိနေသည်။ ဝိုင်လုပ်ငန်းကဏ္ဍအချို့မှာ တရုတ်ဈေးကွက်ကို ဦးတည်၍ တင်ပို့လျက်ရှိရာ တရုတ်နိုင်ငံ၏ တန်ပြန်စုပုံတင်သွင်းခွန်များကြောင့် လက်ရှိတွင် ဈေးကွက်ပိတ်ခံရ သည့် အနေအထားသို့ ရောက်ရှိနေသည်မှာ (၂) နှစ်နီးပါးကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News